Wednesday, February 1, 2017

Viber ဟူသည် ....Hack ဖို့ရန်လွယ်ကူပါသလား



ဒီရက်ပိုင်းမှာ Viber နဲ့ပတ်သတ်ပြီး ပြောဆိုနေတာတွေမြင်တော့ viber ကို Hack ဖို့တွက် အဲ့လောက်တောင်မှလွယ်သလား ? ဘယ်လို နိုင်ငံက ဘယ်သူက ဒီ software platform ကိုရေးထားတာလဲ ဘယ်လိုတွေလုပ်ထားလဲ Data Center တို့ ဘာတို့ ကရော ဘယ်မှာရှိလဲဆိုတာ သိချင်တာနဲ့ ကျတော်သိထားတာနဲ့အတူ လေ့လာစရာလေးတွေပါလေ့လာရင်း တခြားသူတွေလဲ သိရအောင် ရေးကြည့်တာပေါ့ဗျာ ( လောလောဆယ်တော့ ကျတော်ကစာရေးသူပေါ့ဗျာ ….. ဟဟ )

ဟုတ်ပြီ အရင်ဆုံး Viber ဆိုတဲ့ apk ကို ဘယ်သူတီထွင်တာလဲ ဘယ်နိုင်ငံကလဲ ဆိုတာနဲ့စလိုက်ရအောင်?
Viber apk ကိုတီထွင်တာကတော့  ရေးသားတာကတော့ အစ္စရေး-အမေရိကန်စပ် ကန်ထရိုက်တာလဲဖြစ် စီးပွားရေးသမားတဦးဖြစ်တဲ့ Talmon Marco ဆိုတဲ့သူက တီထွင်ရေးသားဖန်တီးထားခြင်းဘဲဖြစ်ပါတယ် ။

ဒီနေရာမှာ Talmon Marcon အကြောင်းကို ကြည့်ရအောင် ။








( Viber CEO & Founder TALMON MARCO )
Talmon Marco ကစီးပွားရေးသမားတဦးဖြစ်တယ်လို့ဖော်ပြထားပေမယ့် သူ ဒီ Viber apk ကို ရေးသားတဲ့အချိန်ကတော့ အစ္စရေးစစ်တပ် ဗဟိုထိန်းချုပ်ရေးဌာနမှာ ( CIO ) Chief Information Officer အဖြစ် တာဝန်ယူ အလုပ်လုပ်ခဲ့တဲ့အချိန်မှာဖြစ်ပါတယ် ။ သူ အမေရိကန်ကိုထွက်သွားပြီး မကြာခင်မှာဘဲ Tel-Aviv University ကနေ ကွန်ပျူတာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါတယ်။
Manangement ပိုင်းနဲ့ဆိုင်တဲ့ဘွဲ့ကိုလဲရရှိခဲ့တယ် ။အမေရိကန်မှာဘဲ သူ့ရဲ့ လူငယ်အရွှယ်ကို ကုန်လွန်စေခဲ့တယ် ။ သူ အစ္စရေးစစ်တပ်နဲ့ဆက်စပ်ပြီး အလုပ်မလုပ်ခင်ချိန်မှာ ၁၉၉၇ ခုနှစ်မှာ Expand Networks Company ကိုပူးတွဲတည်ထောင်ခဲ့ပြီး  Company သဘာပတိအဖြစ် ၂၀၀၄ ခုနှစ်အထိအလုပ်လုပ်ခဲ့တယ် ။ အဲ့ဒါနဲ့တဆက်တည်း ၁၉၉၈ မှာဘဲ  iMesh ကိုလဲ တည်ထောင်ခဲ့ပြီး  Company သဘာပတိအဖြစ် ၂၀၁၀ ထိအလုပ်လုပ်ခဲ့တယ် ။ ( Expand Networks & iMesh တို့အကြောင်း ကတော့နောက်ပိုင်းမှ ရေးသားပါမည် ) ။၂၀၁၀ ရောက်မှသာ အစ္စရေးစစ်တပ်မှ သူ့သူငယ်ချင်းဖြစ်သူ Igor Magazinik ပူးပေါင်းတွဲဖက်ပြိး Viber ကိုတည်ထောင်ခဲ့ပြီး ယနေ့ချိန်မှာတော့ Viber ရဲ့ CEO အဖြစ် အလုပ်လုပ်နေဆဲဖြစ်ပါတယ် ။၂၀၁၆မှာတော့ Juno လို့ခေါ်တဲ့ US Startup Company ကိုစတင်လာခဲ့ပါသည် ။
ဆက်ပြီးတော့ Viber ဆိုတာဘယ်မှာရုံးထိုင်လဲ ဘယ်မှာရှိလဲဆိုတာကတော့ ??
Viber ဆိုတာကတော့ လွတ်လပ်စွာစာများ၊ ပုံများ၊ Fileများအခမဲ့ပို့လို့ရနိုင်တဲ့ Cross Platform apk တခုဖြစ်ပါတယ် ။ သူ့ကိုတော့ ၂၀၁၆ စစ်တမ်းတခုအရ မှတ်ပုံတင်သုံးစွဲသူ မီလျှံ၈၀၀လောက်ရှိပြီလို့ဖော်ပြထားပါတယ် ။ Viber Media ဌာနက တော့ Las Vegas နဲ့ Cyprus မှာရှိပြီး development centers တွေကတော့ Belarus နဲ့ Israel တို့မှာရှိကြတာဖြစ်ပါတယ် ။
Marco နည်းတူ Viber ကိုလက်တွဲတည်ထောင်သူတွေလဲရှိပါတယ် ။ သူတို့တွေကတော့  Magazinnik, Maroli နဲ့ Smocha
တို့ဘဲဖြစ်ပါတယ် ။Viber ရဲ့ လုံခြုံရေးစနစ်ကိုလဲ သေချာအောင်လုပ်ထားပါတယ် ။ Encryption System ကလဲလွန်စွာကို သိပ်သည်းစွာဖြင့်ဖန်တီးထားပါတယ် ။ comfirm code တခုကိုတခါအသုံးပြုဖို့ရန်ဘဲသတ်မှတ်ထားပေးပါတယ် ။ ၂၀၁၆ခုနှစ် April ၁၉ ရက်နေ့မှာတော့ သူတို့ရဲ့စနစ်ထဲမှာ End to End စနစ်ကိုထပ်ပေါင်းထည့်သွင်းပေးခြင်းဖြင့် သူတို့ရဲ့လုံခြုံရေးစနစ်ကို
မြင့်တင်ပြီး သုံးစွဲသူတွေရဲ့ Privacy ကို  လုံခြုံစွာထိန်းသိမ်းမှု့ ပိုမိုပြုနိုင်ရန် လုပ်ဆောင်ခဲ့ပါတယ် ။

Viber ကို Hack လို့ရနိုင်ပါသလား ဘယ်လိုနည်းတွေကနေ မိမိ Data အချက်လက်များပေါက်ကြားနိုင်ပါသလဲ ?
ဦးစွာ ပြောလိုသည်ကတော့ Viber ကို Hack လို့မရနိုင်ပါ (ဆိုလိုသည်မှာ မိမိအသုံးပြုသည့် Viber acc ကိုဆိုလိုခြင်းဖြစ်ပါတယ် Viber media server စနစ်ကျိုးဖောက်ပြီး  Server တခုလုံး စနစ်ချို့ယွင်းအောင် Hack ခြင်းကိုမဆိုလိုပါ ) ဘာကြောင့်လဲဆို
တော့ မိမိအသုံးပြုသည့် Viber Acc ဟာ မိမိဖုန်းနံပါတ်နဲ့သာ မှတ်ပုံတင်ထားတာဖြစ်ပြီး အဲ့ထဲကိုတစုံတယောက်က၀င်ရောက်လို ပါက မိမိဖုန်းသို့ Comfirmation message ပေးပို့ပါလိမ့်မယ် သို့မှသာဝင်လို့ရမှာဖြစ်ပါတယ် ။
ဟုတ်ပြီ ဒီနေရာမှာ မိမိ Viber မှာပြောဆိုသမျှ ပေးပို့သမျှ Data များတခြားသူများသိရှိသွားနိုင်မယ့် အခြေနေကိုဖော်ပြပါမယ် ။
အဲ့ဒါကလဲ မိမိရဲ့နားလည်မှု့နဲ့သာဆိုင်ပါတယ် ဖုန်းတို့ mail တို့ဆိုသည်မှာ မိမိနဲ့သာဆိုင်သောမိမိ ကိုယ်ရေး ကိုယ်တာများ သိမ်းဆည်းထားတတ်သော အရာများဖြစ်ပါတယ် သူများကိုလွယ်တကူ ဌားယူသုံးစွဲဖို့ခွင့်မပြုသင့်တဲ့အရာများဖြစ်ပါတယ်
ကိုယ့်Data သူများသိသွားနိုင်တဲ့အခြေနေကတော့ - မိမိနဲ့သိတဲ့သူတယောက်မှ Viber ကိုဖုန်းဖြင့် မဟုတ်ဘဲ အခုခေတ်စားနေတဲ့
Computer Viber Software နဲ့အသုံးပြုပြီး ဖွင့်ပြီဆိုပါစို့ မိမိဖုန်းနံပါတ်ကိုထိုသူမှထည့်ပြီး Register လုပ်ပါမယ် ပြီးရင် မိမိဆီ ဖုန်းနဲ့ဖြစ်စေ Message နဲ့ဖြစ်စေ မိမိဖုန်းနံပါတ်ကို အရေးကြီးလို့သုံးထားကြောင်း Comfirmation Code ကို msg ပို့ရင် ပြောပါဆိုပြီး ပြောပြီး Comfirmation code ရသွားပြီဆိုတာနဲ့ မိမိရဲ့ဖုန်းနံပါတ်နဲ့ Viber acc ဟာ ထိုသူရဲ့စက်ထဲမှာ အလိုလို Register တင်ပြီးသားဖြစ်မှာပါ ။မိမိ ဒီဘက်ကဘာတွေပြောထားပါစေ ထိုသူမှာလဲ အလိုလိုကို မိမိပြောထားသမျှကို မြင်နေရပြီ သာဖြစ်ပါတယ် ။ အဲ့အတွက် ဒီနေရာမှာ အရေးကြီးတာက တဖက်သူရဲ့ ကျွမ်းကျင်မှု့မဟုတ်ပါ မိမိရဲ့ အားနာတတ်မှု့ အလွယ် တကူယုံကြည်တတ်မှု့နဲ့သာဆိုင်ပါတယ် ။စာဖတ်သူတို့အနေနဲ့ ထိုကဲ့သို့အခြေနေဖြစ်လာပါက အားမနာတတ်ဖို့ရန်လိုအပ်ပါ သည် မိမိအသုံးပြုနေတဲ့ နံပါတ်နှင့် တပါးသူမှ Code Comfirm တောင်းခံခြင်းသည် မည်သို့မျှမဖြစ်သင့်ပါ။
နောက်တခုသတိထားရမှာကတော့ ဖုန်း Service များသွားရောက်ပြသသည့်အခါဖြစ်ပါတယ် ။မည်သို့အခြေနေဖြစ်စေ Service ပြသည့်အချိန်မှာ မိမိ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ Account များကို Log out လုပ် SD Card , Sim Card များထုတ်ထားပြီးမှသာလျှင် Service များမှာ စိတ်ချလက်ချထားခဲ့ဖို့ရန်ဖြစ်ပါတယ် ။
ဒီအခြေနေ၂ခုကတော့သတိထားရမယ့်အခြေနေမို့ဖော်ပြပေးပါတယ် ။တခြားသောအခြေနေများလဲ ရှိပါတယ် ။အဲ့ဒါတွေကတော့ မိမိရဲ့ကျွမ်းကျင်မှု့နဲ့ဆိုင်ပါတယ် ။ကျတော်တို့ပတ်ဝန်းကျင်မှာ ပစ္စည်းတခု တွေ့ရုံနဲ့ ကောက်ကိုင် ဖွင့်ကြည့်တတ်တဲ့သူတွေ ရှိ တတ်သလို လူ့ကျင့်ဝတ်နားလည်တဲ့ သူတွေလဲရှိပါတယ် ။ဒါမို့ မိမိ အသုံးပြု တဲ့ ဖုန်း စတာတွေကို Lock ခံထားခြင်းကစိတ်ချရ တဲ့ အရာတခုပါဘဲ ( ကိုယ်ခံထားတဲ့ Lock တော့ ကိုယ်မှတ်မိပါစေပေါ့ဗျာ :P ) Lock ခံထားခြင်းဖြင့် မိမိ နဲ့ဆိုင်တဲ့ အချက်လက် များကို တခြားသူများအလွယ်တကူမသိနိုင်ပါ ။ တခြားသူကိုမယုံကြည်ကြောင်းပြသခြင်းမဟုတ်ဘဲ မိမိကိုယ်ရေးအချက်လက်ကို မိမိဘာသာ ကာကွယ်သည့်လုပ်ရပ်ဟုတော့ မှတ်ယူဖို့ရန်လိုပါတယ် ။
ဒီလောက်ဆိုရင်တော့ ကျတော်တင်ထားတဲ့ခေါင်းစဉ်နဲ့ ကျတော်ဖော်ပြချက်တွေကို နားလည်လောက်ပါပြီ ကျတော့်ဖော်ပြချက် တွေမှာလိုအပ်ချက်ရှိပါကလဲ ဖြည့်သွင်းအကြံပြုနိုင်ပါတယ်။ 

အားလုံးဘဲနည်းပညာကို အန္တာရာယ်ကင်းကင်း ဘေးရှင်းရှင်းနဲ့ အသုံးပြုနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ ။             
Ref : Wikipedia.org (viber ) , Wikipedia.org ( Talmon Marco ) , 7 Daily Interview News , google search
                                             မိုးကျော်ကျော် (http://basicitsharing.blogspot.com/ ) 1.2.2017

Unicode Format
--------------------















( Viber CEO & Founder AALMON MARCO )






















Ref : Wikipedia.org (viber ) , Wikipedia.org ( Talmon Marco ) , 7 Daily Interview News , google search

                                             မိုးကြောျကြောျ (http://basicitsharing.blogspot.com/ ) 1.2.2017


 

No comments:

Post a Comment

Hello ! Thanks for ur visiting my page. have a nice day

3u Tools

ဒီတခါမှာတော့ i Device User များအတွက် အမှန်တကယ်အသုံးဝင်မယ့် Software တခုကိုဖော်ပြပေးလိုက် ပါတယ် ။ i Device ပစ္စည်းတွေလက်ထဲရှိပြီး i Tune ကိ...