Step 1 - မိမိကွန်ပျုတာမှ Control Panel သို့ ၀င်ပါ ( မ၀င်ခင်မှာ မိမိ
နဲ့ ဒုတိယတခုက
Next ကိုနှိပ်ပါ ။
Unicode Font
------------------
မိမိ Stick (or) HDD တွေကို Password ခတ်နည်းလေးပါ ဒီနည်းလေးကတော့ ဘယ်လို recover tools ဒါမှမဟုတ် Password remover software များနဲ့မှ ဖယ်လို့မရပါဘူး မိမိ Stick (or) HDD ပျောက်သွားခဲ့ရင်လည်း ကောက်ရတဲ့သူက မိမိ Data များကို 95%လောက် မရနိုင်ဖို့ရန်က သေချာပါတယ် ။ ဒီနည်းလေး သုံးထားခြင်းဖြင့် မိမိ Personal data သို့ အလုပ်နဲ့ဆိုင်တဲ့အချက်အလက် စတာတွေကိုသူများအလွယ်တကူ ကူးယူ ခိုးယူလို့မရနိုင်ပါ ။ Password ပေးဖို့အတွက် လုပ်ရမယ့်နည်းကလဲ လွယ်သလို အသုံးပြုရမှာကလဲ OS မှာ ပါတဲ့ tool လေးကိုဘဲအသုံးပြုရမှာဘဲဖြစ်ပါတယ် သိပြီးသားသူတွေအတွက် လွယ်ကူပေမယ့် မသိသေးတဲ့သူတွေအတွက်ကို ရည်ရွယ်ပြီး ဒီ Post ကို ရေးပေးလိုက်ပါတယ် ။ Step 1 - မိမိကွန်ပျုူတာမှ Control Panel သို့ ၀င်ပါ ( မဝင်ခင်မှာ မိမိ Password ပေးလိုတဲ့ Stick (or) HDD ကို တပ်ဆင်ထားပေးရပါမယ် ) Step 2 - small icons ဖြစ်နေပါက large icons သို့ပြောင်းပါ။ Step 3 - ထို့နောက် All Control Panel Items စာမျက်နှာသို့ရောက်ပါက Bitlocker Drive Encryption ထဲသို့ဝင်ပါ ။ Step 4 - Bitlocker Drive Encryption ထဲသို့ဝင်ပြီးပါက မိမိစက်မှာ ရှိတဲ့ Internal HDD ကိုပြထားတဲ့ပုံများနဲ့ ကိုယ် ထပ်ပြီး တပ်ထားတဲ့ Stick (or) HDD ပုံပေါါ်နေတဲ့စာမျက်နှာသို့ရောက်ရှိမှာဖြစ်ပါတယ်။ Step 5 - မိမိ Password ထားလိုတဲ့ Stick (or) HDD ဘေးမှာပေါ်နေတဲ့ Turn On Bitlocker ကို နှိပ်လိုက်ပါ ။ (အခုကျတော်ကတော့ 2GB Stick နဲ့ စမ်းပြထားပါတယ် ။ ကိုယ် ့ရဲ့ Stick (or) HDD ရဲ့ storage size ပေါ်မူတည်ပြီး Encrypt လုပ်တဲ့ အချိန်ကြာမြင့်ပါတယ် ။ အထူးသတိထားရမှာက Encrypt လုပ်နေတဲ့အချိန်မှာ Stick (or) HDD ကို လုံးဝမဖြုတ်ဖို့ပါဘဲ ) Step 6 - Turn On Bitlocker နှိပ်ပြီးတဲ့အချိန်မှာ Password တောင်းတဲ့ ဇယားကွက် ကျလာပါမယ် ။ အဲ့ဒီမှာ ဖြည့်ရမယ့် Password ကတော့ ကျတော်တို့ stick (or) HDD မှာ Encrypt လုပ်ဖို့အတွက်ပေးရမယ့် Password ဘဲဖြစ်ပါတယ်။ အဲု့ဒီနေရာမှာ ဇယားကွက် ၂ခုရှိပါတယ် ။ အပေါ်တခုကတော့ 1 - Use a password to unlock to drive နဲ့ 2 - Use my smart card to unlock to drive ဆိုပြီးရှိနေပါတယ် မိမိမှာ smart card ရှိနေရင်တော့ ဒုတိယတခုနဲ့အဆင်ပြေပေမယ့် မရှိတဲ့သူတွေတွက်ကတော့ ပထမတခုမှာ Click ပေးပြီး password ကိုဖြည့်ပေးရမှာပါ ။ ပြီးရင် Next ကို နှိပ်ပါ ။ Step 7 - အဲ့နောက်မှာတော့ Box တခုကျလာပါမယ် ဘာရေးထားတာလဲဆိုတော့ မိမိ Stick (or) HDD မှာပေးတဲ့ Password တွက် ပေးတဲ့ Recover Key ဘဲဖြစ်ပါတယ် အဲ့ဒီမှာလဲ စာကြောင်း၂ခုရှိပါတယ် ပထမတခုက save the recover key to a file နဲ့ ဒုတိယတခုက Print the recover key ဘဲဖြစ်ပါတယ် အဲ့ဒီနေရာမှာ ကြိုက်တာရွေးလို့ရတယ်ဆိုပေမယ့် ပထမတခုကို ရွေးပေးပါ အဲ့ဒီနောက်မှာတော့ Recover key အတွက် Save လုပ်ပေးဖို့ရန် Directory ကိုရွေးခိုင်းပါမယ် မိမိ save လုပ်လိုတဲ့ နေရာကိုရွေးပေးပြီး save လုပ်ပေးပါ ထို့နောက်မှာတော့ Next ကိုနှိပ်ပါ ။ Step 8 - အဲ့ဒီနောက်မှာတော့ မိမိ Password ပေးလိုတဲ့ Stick (or) HDD ကို Encrypt လုပ်ဖို့ရန် အသင့် ဖြစ်ပြီဆိုတဲ့ Box ကျလာပါလိမ့်မယ် အဆင်သင့်ဖြစ်ပါက Start Encryption ကိုနှိပ်ပါ အဲ့ဒီနေရာမှာတော့ ကို့ရဲ့ Stick (or) HDD ရဲ့ Storage size ပေါ်မူတည်ပြီး အချိန် အနည်းအများ စောင့်ရတာကွာပါလိမ့်မယ် ။ ခဏကြာရင် Encrypt လုပ်တာ ပြီးပြီဆိုတဲ့ အကြောင်း စာတမ်းလေး ပေါ်လာပါလိမ့်မယ် ။ Close နှိပ်ပြီး ပါက ကျတော်တို့ ရဲ့ Stick (or) HDD ကို Encryption လုပ်ခြင်း လုပ်ငန်းပြီးဆုံးပါပြီ။ ကျတော်တို့ Encrypt လုပ်ခြင်းပြီးဆုံးပါက My Computer ထဲသို့ဝင်ကြည့်ပါက ကျတော်တို့ Encrypt လုပ်တဲ့ Stick (or) HDD မှာသော့ကလောက်လေးခတ်ထားတာကိုမြင်တွေ့ရပါမယ်။ ဒါဆိုရင်တော့ ကျတေ်ာတို့ Process အောင်မြင်သွားပါပြီ။ ပုံလေးများနဲ့ပါ ရှင်းပြထားပါတယ်။ ကျေးဇူးတင်ပါတယ် ။ အားလုံးဘဲ အခြေခံလေးကတတ်မြောက်ပြီး အဆင်ပြေနိုင်ကြပါစေ ။ ( မှတ်ချက် ။ ။ ကျတော်သင်ကြားခဲ့ရသောသင်ခန်းစာများမှ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် )ပုံများကိုတပုံချင်းသေချာကြည့်ပါ ။
ဟလို အားလုံးဘဲ ကျတော်ကတော့မိုးကျော်ကျော်ပါ ၁၈ .၃. ၁၆ မှာ ကျတော်ဒီ Blog လေးကိုစထောင်ဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ IT နဲ့ပတ်သတ်ပြီး အသိပညာ ဗဟုသုတ တွေ ဝေမျှလိုတဲ့ ဆန္ဒပါဘဲ ။ ၀ါသနာတူတွေရှိပါကလဲ ၀င်ရောက်ဆွေးနွေးသွားနိုင်ပါတယ် ။ အားလုံးကိုကျေးဇူးတင်ပါတယ် ။
Wednesday, March 30, 2016
Friday, March 18, 2016
Greeting
ဟလို အားလုံးဘဲ
ကျတော်ကတော့မိုးကျော်ကျော်ပါ ၁၈ .၃. ၁၆ မှာ ကျတော်ဒီ Blog လေးကိုစထောင်ဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ IT နဲ့ပတ်သတ်ပြီး အသိပညာ ဗဟုသုတ တွေ ဝေမျှလိုတဲ့ ဆန္ဒပါဘဲ ။
ဝါသနာတူတွေရှိပါကလဲ ၀င်ရောက်ဆွေးနွေးသွားနိုင်ပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ် ။
ကျတော်ကတော့မိုးကျော်ကျော်ပါ ၁၈ .၃. ၁၆ မှာ ကျတော်ဒီ Blog လေးကိုစထောင်ဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ IT နဲ့ပတ်သတ်ပြီး အသိပညာ ဗဟုသုတ တွေ ဝေမျှလိုတဲ့ ဆန္ဒပါဘဲ ။
ဝါသနာတူတွေရှိပါကလဲ ၀င်ရောက်ဆွေးနွေးသွားနိုင်ပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ် ။
Subscribe to:
Posts (Atom)
3u Tools
ဒီတခါမှာတော့ i Device User များအတွက် အမှန်တကယ်အသုံးဝင်မယ့် Software တခုကိုဖော်ပြပေးလိုက် ပါတယ် ။ i Device ပစ္စည်းတွေလက်ထဲရှိပြီး i Tune ကိ...
-
ဒီတခါမှာတော့ i Device User များအတွက် အမှန်တကယ်အသုံးဝင်မယ့် Software တခုကိုဖော်ပြပေးလိုက် ပါတယ် ။ i Device ပစ္စည်းတွေလက်ထဲရှိပြီး i Tune ကိ...
-
ဒီရက်ပိုင်းမှာ Viber နဲ့ပတ်သတ်ပြီး ပြောဆိုနေတာတွေမြင်တော့ viber ကို Hack ဖို့တွက် အဲ့လောက်တောင်မှလွယ်သလား ? ဘယ်လို နိုင်ငံက ဘယ်သူက ဒီ s...
-
ဒါကတော့ Window 7 activator ပါ 32 bit ရော 64bit ရော အသုံးပြုလို့ရပါတယ် ဒီ Activator လေး Run မယ်ဆိုရင်သိထားရမှာကတော့ Virus Scanner Software ေ...